နှိုင်းတုမဲ့ပန်းချီ
နှိုင်းတုမဲ့ပန်းချီ
တေးရေး - သောမတ်(စ်)
တေးဆို - ကောင်းကောင်း ၊ အိုင်းရင်းဇင်မာမြင့်
Verse 1:
အမိန့်တော်နဲ့ တည်ဆောက်မှုန်းခြယ်ခဲ့ သဘာဝကို ပုံစံထပ်တူ ဘယ်သူဆွဲနိုင်မလဲ
ဘယ်သူအံတုနိုင်မလဲ နှိုင်းတုမဲ့ ဉာဏ်နဲ့ ရေးဆွဲမှုန်းခြယ် ထာဝရဘုရားသခင်ပဲ
Verse 2:
လက်တော်နဲ့ တည်ဆောက်မှုန်းခြယ်ခဲ့ သဏ္ဌာန်တော်နဲ့အညီ လူကို သူ့လို ပုံစံသွင်းလေခဲ့
အလိုတော်အတိုင်းပါပဲ နှိုင်းတုမဲ့ပညာနဲ့ ရေးဆွဲပြီးပြည့် ဧဒင် ဥယျာဉ်ထဲ
Chorus:
မြိုင်တောနဲ့ တောင်ပြာတန်းတွေရယ် တသွင်သွင် စီးနေစမ်းချောင်းလေးတွေ ဂန္တဝင်ပန်းချီးကားပဲ
မြစ်ချောင်းနဲ့ ပင်လယ်သမုဒ္ဒရာရယ် အာကာသအပြင် လွင့်ထွက်မသွားအောင် ဘောင်တွေခတ်ထားခဲ့
တည်စေ အမိန့်တော်နဲ့
ကျေးငှက် သာရကာ သီကျူးချီးမွမ်းသီဆို သီချင်းလေးတွေ
မိုးထက် ကြယ်တာယာတို့ကောင်းကြီးရေတွက်ဆဲ
ကြားလား မြိုင်ယံတွေကြား စမ်းစီးသံသာ သီချင်းအလားလေ
ချီးမွမ်း ဂုဏ်တော်သီကျူးလောက သဘာဝတို့ ....
Verse 2:
လက်တော်နဲ့ တည်ဆောက်မှုန်းခြယ်ခဲ့ သဏ္ဌာန်တော်နဲ့အညီ လူကို သူ့လို ပုံစံသွင်းလေခဲ့
အလိုတော်အတိုင်းပါပဲ နှိုင်းတုမဲ့ပညာနဲ့ ရေးဆွဲပြီးပြည့် ဧဒင် ဥယျာဉ်ထဲ
Chorus:
မြိုင်တောနဲ့ ဆာလံသီချင်းတွေရယ် ရင်ကို ထိမှန် စွဲမြဲနှလုံးတိုင်း ဉာဏ်တော်နဲ့ရေးဖွဲ့
သီချင်းနဲ့ လူကိုသိစေခဲ့ နားစည်းထဲမှာ စီးဆင်းနှလုံးတိုင်း သာယာငြိမ့်ငြောင်းဆဲ
ကိုယ်တော်လက်ရာပဲ ...
![]() |
Like . Share . Subscribe



Comments
Post a Comment